အခ်စ္ခန္း ရိုက္ၿပီး ရင္ အိမ္မျပန္ရဟု က်န္းမာေရး ဝန္ႀကီးေျပာၾကားလိုက္တဲ့ အေၾကာင္းရင္း

အခ်စ္ခန္း ရိုက္ၿပီး ရင္ အိမ္မျပန္ရဟု က်န္းမာေရး ဝန္ႀကီးေျပာၾကားလိုက္တဲ့ အေၾကာင္းရင္း

ယခု သတင္းကို ( Duwun ) စာမ်က္ႏွာ မွ တစ္ဆင့္ ျပန္လည္ မၽွေဝ တင္ဆက္ျခင္း ျဖစ္ပါသည္

ကိုဗစ္ ေၾကာင့္ ရပ္နားခဲ့ရတဲ့ ႐ုပ္ရွင္ဇာတ္ကား၊ ဗီဒီယို ဇာတ္ကား နဲ႔ ႐ုပ္သံဇာတ္လမ္းတြဲ ေတြကို စည္းမ်ဥ္းစည္းကမ္းနဲ႔အညီ ျပန္လည္ ရိုက္ကူးခြင့္ျပဳလိုက္ၿပီျဖစ္ေပမယ့္ ရိုက္ကြင္းေတြမွာ အခ်စ္ခန္းရိုက္ရမယ့္ မင္းသား၊မင္းသမီးေတြကိုေတာ့ အခ်စ္ခန္းရိုက္ၿပီးရင္ အိမ္မျပန္ရဘူးလို႔ ဒီေန႔ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ ျပဳလုပ္တဲ့ အြန္လိုင္း ေဆြးေႏြးပြဲမွာ က်န္းမာေရးနဲ႔အားကစားဝန္ႀကီး ေဒါက္တာျမင့္ေထြးက ေျပာသြားခဲ့တာပါ။

“ Love Sceneေတြ ရိုက္လို႔ရပါတယ္။ ႐ုပ္ရွင္မင္းသားနဲ႔ မင္းသမီးကို ငါးရက္ေခၚထားၿပီး ကြာရန္တင္း လုပ္ပါ။ ငါးရက္ၿပီးရင္ Swab ယူပါ ၿပီးတဲ့အထိဆက္တိုက္ရိုက္သြားလို႔ပါတယ္။

စိတ္ခ်လက္ခ် ရိုက္လို႔ရပါတယ္။သူတို႔ႏွစ္ေယာက္ကို ငါးရက္ေခၚထားရမယ္ၿပီးရင္ Swab ယူမယ္ Negative ဆိုရင္ အဲ့ႏွစ္ေယာက္သည္ ဘာလုပ္လုပ္လို႔ရသြားၿပီ။

သူတို႔ကို ရိုက္တဲ့ ရိုက္ကြင္းကေတာ့ ၆ေပေလာက္က ကိစၥမရွိေပမယ့္ တကယ့္အနီးကပ္ရိုက္တဲ့သူေတြ စိတ္ခ်လက္ခ် ရိုက္လို႔ရပါၿပီ။သူတို႔ကို အၿပီးထိ တစ္ခါတည္း ရိုက္လိုက္ပါ။ အိမ္ေတာ့ျပန္လႊတ္လို႔မရဘူးေပ့ါ” လို႔ သူက ဆိုပါတယ္။

ကိုဗစ္ ေၾကာင့္ အႏုပညာလုပ္ငန္းေတြကို ၂၀၂၀ ခုႏွစ္ မတ္လ အစပိုင္းမွာကတည္းက ရပ္နားခဲ့ရတာ ျဖစ္ၿပီး (၄) လအၾကာမွာ အႏုပညာေလာကသားေတြအေနနဲ႔ အလုပ္ေတြ ျပန္လည္လုပ္ကိုင္ခြင့္ရရွိခဲ့ၿပီျဖစ္ပါတယ္။

 

အႏုပညာေလာကသားေတြအေနနဲ႔ ဇာတ္ကားရိုက္ကူးဖို႔ ျပင္ဆင္ရာမွာ က်န္းမာေရး ပိုင္းဆိုင္ရာကို လုံျခဳံ၊ စိတ္ခ်ေဘးကင္း မႈျဖစ္ေစရန္အတြက္ လိုအပ္သလို စစ္ေဆးနိုင္ဖို႔ ဇာတ္ကား အမည္၊ တစ္ရက္ အတြင္းဇာတ္ကား ရိုက္ကူးမည့္ရိုက္ကြင္းေနရာမ်ား၊

ရိုက္ကူးသြားမည့္ အခ်ိန္ တို႔အျပင္ ဇာတ္ကား ထဲမွာ ပါဝင္သြားမယ့္ အႏုပညာရွင္ လူဦးေရ အတိအက်တို႔ကို အနည္းဆုံး အခ်ိန္ တစ္ပတ္ခန႔္ယူၿပီး –

ျပန္ၾကားေရးဝန္ႀကီးဌာနႏွင့္ ျပည္သူ႔ ဆက္ဆံေရး ဦးစီးဌာန၊ ႐ုပ္ရွင္ျမႇင့္တင္ေရး ဌာနခြဲသို႔ တင္ျပလာဖို႔လိုအပ္ေၾကာင္း ျပန္ၾကားေရးဝန္ ႀကီးဌာနႏွင့္ က်န္းမာေရး ဝန္ႀကီးဌာန ထုတ္ျပန္ ထားတဲ့ ေၾကညာခ်က္ထဲမွာ ပါရွိပါတယ္။

Duwun

Unicode

အချစ်ခန်း ရိုက်ပြီး ရင် အိမ်မပြန်ရဟု ကျန်းမာရေး ဝန်ကြီးပြောကြားလိုက်တဲ့ အကြောင်းရင်း

ယခု သတင်းကို ( Duwun ) စာမျက်နှာ မှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက်ခြင်း ဖြစ်ပါသည်

ကိုဗစ် ကြောင့် ရပ်နားခဲ့ရတဲ့ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကား နဲ့ ရုပ်သံဇာတ်လမ်းတွဲ တွေကို စည်းမျဉ်းစည်းကမ်းနဲ့အညီ ပြန်လည် ရိုက်ကူးခွင့်ပြုလိုက်ပြီဖြစ်ပေမယ့် ရိုက်ကွင်းတွေမှာ အချစ်ခန်းရိုက်ရမယ့် မင်းသား၊မင်းသမီးတွေကိုတော့ အချစ်ခန်းရိုက်ပြီးရင် အိမ်မပြန်ရဘူးလို့ ဒီနေ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ ပြုလုပ်တဲ့ အွန်လိုင်း ဆွေးနွေးပွဲမှာ ကျန်းမာရေးနဲ့အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသွားခဲ့တာပါ။

“ Love Sceneတွေ ရိုက်လို့ရပါတယ်။ ရုပ်ရှင်မင်းသားနဲ့ မင်းသမီးကို ငါးရက်ခေါ်ထားပြီး ကွာရန်တင်း လုပ်ပါ။ ငါးရက်ပြီးရင် Swab ယူပါ ပြီးတဲ့အထိဆက်တိုက်ရိုက်သွားလို့ပါတယ်။

စိတ်ချလက်ချ ရိုက်လို့ရပါတယ်။သူတို့နှစ်ယောက်ကို ငါးရက်ခေါ်ထားရမယ်ပြီးရင် Swab ယူမယ် Negative ဆိုရင် အဲ့နှစ်ယောက်သည် ဘာလုပ်လုပ်လို့ရသွားပြီ။

သူတို့ကို ရိုက်တဲ့ ရိုက်ကွင်းကတော့ ၆ပေလောက်က ကိစ္စမရှိပေမယ့် တကယ့်အနီးကပ်ရိုက်တဲ့သူတွေ စိတ်ချလက်ချ ရိုက်လို့ရပါပြီ။သူတို့ကို အပြီးထိ တစ်ခါတည်း ရိုက်လိုက်ပါ။ အိမ်တော့ပြန်လွှတ်လို့မရဘူးပေ့ါ” လို့ သူက ဆိုပါတယ်။

ကိုဗစ် ကြောင့် အနုပညာလုပ်ငန်းတွေကို ၂၀၂၀ ခုနှစ် မတ်လ အစပိုင်းမှာကတည်းက ရပ်နားခဲ့ရတာ ဖြစ်ပြီး (၄) လအကြာမှာ အနုပညာလောကသားတွေအနေနဲ့ အလုပ်တွေ ပြန်လည်လုပ်ကိုင်ခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။

အနုပညာလောကသားတွေအနေနဲ့ ဇာတ်ကားရိုက်ကူးဖို့ ပြင်ဆင်ရာမှာ ကျန်းမာရေး ပိုင်းဆိုင်ရာကို လုံခြုံ၊ စိတ်ချဘေးကင်း မှုဖြစ်စေရန်အတွက် လိုအပ်သလို စစ်ဆေးနိုင်ဖို့ ဇာတ်ကား အမည်၊ တစ်ရက် အတွင်းဇာတ်ကား ရိုက်ကူးမည့်ရိုက်ကွင်းနေရာများ၊

ရိုက်ကူးသွားမည့် အချိန် တို့အပြင် ဇာတ်ကား ထဲမှာ ပါဝင်သွားမယ့် အနုပညာရှင် လူဦးရေ အတိအကျတို့ကို အနည်းဆုံး အချိန် တစ်ပတ်ခန့်ယူပြီး –

ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေး ဌာနခွဲသို့ တင်ပြလာဖို့လိုအပ်ကြောင်း ပြန်ကြားရေးဝန် ကြီးဌာနနှင့် ကျန်းမာရေး ဝန်ကြီးဌာန ထုတ်ပြန် ထားတဲ့ ကြေညာချက်ထဲမှာ ပါရှိပါတယ်။

Duwun

Be the first to comment

Leave a Reply

Your email address will not be published.


*