ရင္ေသြးငယ္္မ်ား ဦးေႏွွာက္ ဖြံ့ၿဖိဳးေစမည္႔ အေကာင္းဆုံး အစားအေသာက္္(၁၀)မ်ိဳး

ရင္ေသြးငယ္္မ်ား ဦးေႏွွာက္ ဖြံ့ၿဖိဳးေစမည္႔ အေကာင္းဆုံး အစားအေသာက္္(၁၀)မ်ိဳး

ကေလးဦးေႏွွာက္ ဖြံ့ၿဖိဳးဖို႔ိ အေကာင္းဆုံး အစားအေသာက္္ (၁၀) မ်ိဳး

မိိခင္နို႔ႏွင့္ ေအာက္ပါစားစရာမ်ားတြင္ ပါဝင္ေသာ အာဟာရဓာတ္မ်ားသည္ ဦးေႏွာက္ႀကီးထြားမွု၊ ဦးေႏွာက္၏ေန႔စဥ္လုပ္ငန္းေဆာင္တာမ်ားအတြက္သာမက အာ႐ုံေၾကာမ်ားအခ်င္းခ်င္း အက်ိဳးတူ တြဲဖက္ အလုပ္လုပ္ေစရန္ မရွိမျဖစ္လိုအပ္ပါသည္။ ဦးေႏွာက္ႏွင့္ အာ႐ုံေၾကာမ်ားမွ ကလာပ္စည္းမ်ား မပ်က္စီးေအာင္လည္း ကာကြယ္ေပးပါသည္။

(၁) မိိခင္နို႔

အာဟာရျပည့္ဝေအာင္စားေသာ မိိခင္တစ္ဦး၏ နို႔ရည္က ေမြးကင္းစကေလးဦးေႏွာက္ဖြံၿဖိဳးဖို႔ အေကာင္းဆုံးျဖစ္သည္။

(၂) အဆီမပါေသာ အသား

ေၾကာ္၊ ခ်က္၊ ႏွပ္၊ ျပဳတ္၊ ေပါင္း၊ ကင္နိုင္သည္။ အသားမွရေသာ သံဓာတ္ႏွင့္ ဇင့္က မွတ္သားဉာဏ္ႏွင့္ အာ႐ုံစူးစိုက္ဖို႔ အေရးႀကီးေသာ လိုအပ္ခ်က္ျဖစ္သည္။

(၃) လတ္ဆတ္ေသာ ဆယ္လ္မြြန္ငါး

ဆယ္လ္မြန္ငါး မရွိေသာ အရပ္တြင္ေနလၽွင္ ဝယ္လို႔ရေသာ ငါးေသတၱာငါး၊ တူနာငါး၊ ငါးျမင္း၊ ငါးၾကင္းစသည္တို႔ကို ေကၽြးနိုင္ပါသည္။ ငါးကို ဆီထဲႏွစ္ၿပီး ၾကာရွည္စြာ ေၾကာ္လၽွင္ ဦးေႏွာက္ႀကီးထြားမွုကို အက်ိဳးျပဳေသာ အိုမီဂါ-၃ အဆီဓာတ္ ပ်က္စီးနိုင္၍ ေပါင္းျခင္း၊ ကင္ျခင္းက ပိုသင့္ေလ်ာ္ပါသည္။

(၄) ၾကက္ဥ၊ ငုံးဥ

ေရာဂါပိုးမပါေစရန္ ၾကက္ဥ၊ ငုံးဥကို က်က္ေအာင္ျပဳတ္ပါ။

(၅) ပဲအမ်ိဳးမ်ိဳး

ပဲတီစိမ္း၊ ပဲနီေလး၊ ပဲဝါေလး၊ ပဲႀကီး၊ ကုလားပဲ၊ ပဲကတၱီပါ၊ ေက်ာက္ကပ္ပုံပဲ စသည္တို႔အားလုံး အက်ဳံးဝင္သည္။

(၆) ဝါစိမ္းနီ ဟင္းသီးႏွင့္ဟင္းရြက္မ်ား

အထူးသျဖင့္ broccoli ဟုေခၚေသာ ပန္းေဂၚဖီစိိမ္းက ေကာင္းသည္။ ဟင္းရြက္မ်ားကို ပြက္ပြက္ဆူေရတြင္ ၾကာရွည္စြာ ျပဳတ္ျခင္း၊ ဖိအားမ်ားေသာ ေပါင္းအိုးတြင္ ခ်က္ျခင္းက အာဟာရဓာတ္ဆုံးရွုံးနိုင္၍ မီးျပင္းျပင္းႏွင့္ အခ်ိန္တိုတြင္း ေၾကာ္ခ်က္ျခင္းက ပိုေကာင္းသည္။

(၇) အေရာင္စုံ သစ္သီးမ်ား

ဥပမာ ငွက္ေပ်ာသီး၊ စေတာ္ဘယ္ရီ၊ ပန္းသီး၊ စပ်စ္သီးနီ၊ စပ်စ္သီးအစိမ္းေရာင္

(၈) နို႔ထြက္ပစၥည္းမ်ား

ႏြားနို႔၊ ဒိိန္ခ်ဥ္၊ ဒိန္ခဲ မ်ားကို မပ်က္ေအာင္ ေရခဲေသတၱာထဲ သိမ္းဆည္းပါ။

(၉) အခြံမာသီးႏွင့္ အေစ့အဆံံ

ေျမပဲ၊ ေနၾကာေစ့၊ ကြာေစ့၊ သီဟိုိဠ္ေစ့၊ သစ္ၾကားသီးစသည္တို႔ျဖစ္သည္။ မမ်ိဳတတ္ေသာ ကေလးကိုေတာ့ မေကၽြးပါႏွင့္။

(၁၀) ေသာက္ေရ

ေသာက္ေရတြင္ အာဟာရမပါေသာ္လည္္း ဦးေႏွာက္ထဲ ေအာက္ဆီဂ်င္ရဖို႔ရာ ေသြးလည္ပတ္မွု ေကာင္းေစရန္ အေရးႀကီးပါသည္။

အသင့္ေသာက္သုံးဖိုိ႔ ေရာင္းခ်ထုတ္လုပ္ေသာ ၾကက္ေပါင္းရည္က ဦးေႏွာက္အားေကာင္းေစသည္ဟု ေၾကာ္ျငာေသာ္လည္း သိပၸံက်န္းမာေရးပညာတြင္ မွန္ကန္ေၾကာင္း လက္ခံမွု မရွိေသးပါ။

ေနေနမိုးေဆြ (Child Health Myanmar )

Unicode

ရင်သွေးငယ်များ ဦးနှောက် ဖွံ့ဖြိုးစေမည့် အကောင်းဆုံး အစားအသောက်(၁၀)မျိုး

ကလေးဦးနှောက် ဖွံ့ဖြိုးဖို့ိ အကောင်းဆုံး အစားအသောက် (၁၀) မျိုး

မိခင်နို့နှင့် အောက်ပါစားစရာများတွင် ပါဝင်သော အာဟာရဓာတ်များသည် ဦးနှောက်ကြီးထွားမှု၊ ဦးနှောက်၏နေ့စဉ်လုပ်ငန်းဆောင်တာများအတွက်သာမက အာရုံကြောများအချင်းချင်း အကျိုးတူ တွဲဖက် အလုပ်လုပ်စေရန် မရှိမဖြစ်လိုအပ်ပါသည်။ ဦးနှောက်နှင့် အာရုံကြောများမှ ကလာပ်စည်းများ မပျက်စီးအောင်လည်း ကာကွယ်ပေးပါသည်။

(၁) မိခင်နို့

အာဟာရပြည့်ဝအောင်စားသော မိခင်တစ်ဦး၏ နို့ရည်က မွေးကင်းစကလေးဦးနှောက်ဖွံဖြိုးဖို့ အကောင်းဆုံးဖြစ်သည်။

(၂) အဆီမပါသော အသား

ကြော်၊ ချက်၊ နှပ်၊ ပြုတ်၊ ပေါင်း၊ ကင်နိုင်သည်။ အသားမှရသော သံဓာတ်နှင့် ဇင့်က မှတ်သားဉာဏ်နှင့် အာရုံစူးစိုက်ဖို့ အရေးကြီးသော လိုအပ်ချက်ဖြစ်သည်။

(၃) လတ်ဆတ်သော ဆယ်လ်မွန်ငါး

ဆယ်လ်မွန်ငါး မရှိသော အရပ်တွင်နေလျှင် ဝယ်လို့ရသော ငါးသေတ္တာငါး၊ တူနာငါး၊ ငါးမြင်း၊ ငါးကြင်းစသည်တို့ကို ကျွေးနိုင်ပါသည်။ ငါးကို ဆီထဲနှစ်ပြီး ကြာရှည်စွာ ကြော်လျှင် ဦးနှောက်ကြီးထွားမှုကို အကျိုးပြုသော အိုမီဂါ-၃ အဆီဓာတ် ပျက်စီးနိုင်၍ ပေါင်းခြင်း၊ ကင်ခြင်းက ပိုသင့်လျော်ပါသည်။

(၄) ကြက်ဥ၊ ငုံးဥ

ရောဂါပိုးမပါစေရန် ကြက်ဥ၊ ငုံးဥကို ကျက်အောင်ပြုတ်ပါ။

(၅) ပဲအမျိုးမျိုး

ပဲတီစိမ်း၊ ပဲနီလေး၊ ပဲဝါလေး၊ ပဲကြီး၊ ကုလားပဲ၊ ပဲကတ္တီပါ၊ ကျောက်ကပ်ပုံပဲ စသည်တို့အားလုံး အကျုံးဝင်သည်။

(၆) ဝါစိမ်းနီ ဟင်းသီးနှင့်ဟင်းရွက်များ

အထူးသဖြင့် broccoli ဟုခေါ်သော ပန်းဂေါ်ဖီစိမ်းက ကောင်းသည်။ ဟင်းရွက်များကို ပွက်ပွက်ဆူရေတွင် ကြာရှည်စွာ ပြုတ်ခြင်း၊ ဖိအားများသော ပေါင်းအိုးတွင် ချက်ခြင်းက အာဟာရဓာတ်ဆုံးရှုံးနိုင်၍ မီးပြင်းပြင်းနှင့် အချိန်တိုတွင်း ကြော်ချက်ခြင်းက ပိုကောင်းသည်။

(၇) အရောင်စုံ သစ်သီးများ

ဥပမာ ငှက်ပျောသီး၊ စတော်ဘယ်ရီ၊ ပန်းသီး၊ စပျစ်သီးနီ၊ စပျစ်သီးအစိမ်းရောင်

(၈) နို့ထွက်ပစ္စည်းများ

နွားနို့၊ ဒိန်ချဉ်၊ ဒိန်ခဲ များကို မပျက်အောင် ရေခဲသေတ္တာထဲ သိမ်းဆည်းပါ။

(၉) အခွံမာသီးနှင့် အစေ့အဆံံ

မြေပဲ၊ နေကြာစေ့၊ ကွာစေ့၊ သီဟိုဠ်စေ့၊ သစ်ကြားသီးစသည်တို့ဖြစ်သည်။ မမျိုတတ်သော ကလေးကိုတော့ မကျွေးပါနှင့်။

(၁၀) သောက်ရေ

သောက်ရေတွင် အာဟာရမပါသော်လည်း ဦးနှောက်ထဲ အောက်ဆီဂျင်ရဖို့ရာ သွေးလည်ပတ်မှု ကောင်းစေရန် အရေးကြီးပါသည်။

အသင့်သောက်သုံးဖို့ ရောင်းချထုတ်လုပ်သော ကြက်ပေါင်းရည်က ဦးနှောက်အားကောင်းစေသည်ဟု ကြော်ငြာသော်လည်း သိပ္ပံကျန်းမာရေးပညာတွင် မှန်ကန်ကြောင်း လက်ခံမှု မရှိသေးပါ။

နေနေမိုးဆွေ (Child Health Myanmar )

Be the first to comment

Leave a Reply

Your email address will not be published.


*